Why We Built InnoEd

Two educators, one shared belief — every student deserves a clear path to international credentials, regardless of where they start.

Winston

Winston

Founder

“'အတွေ့အကြုံသည်သာ အကောင်းဆုံးဆရာ' ဆိုရင် စာသင်ခန်းတွင်း အတွေ့အကြုံမှမဟုတ်ဘဲ စာသင်ခန်းပြင်ပ ဘဝအတွေ့အကြုံတွေဆီကလည်း ပညာသင်ယူနိုင်စေဖို့ နဲ့ life-long learner ဖြစ်လာစေဖို့ အတွေ့အကြုံမှသင်ယူခြင်း experiential learning နည်းလမ်းနဲ့ InnoEd မှာ သင်ပါတယ်။”

Dr. Mary

Dr. Mary

Co-Founder

“ရှေ့က ဆရာ၊​ ဆရာမက စာအုပ်ဖတ်ပြီး ဘာသာပြန် ပြန်ပြောသမျှ ထိုင်နားထောင်နေရတဲ့ ပညာသင်ကြားမှုထက် ပိုပြီးထိရောက်တဲ့ပညာရေးအတွေ့အကြုံတွေရရှိစေဖို့၊ လက်တွေ့ အတွေ့အကြုံပေါ်အခြေခံတဲ့ personalized learning experiences တွေဖန်တီးပေးနိုင်ဖို့”

What We Believe

The principles that shape every lesson, every interaction, and every outcome at InnoEd.

Global Citizenship

အရာရာ ချိတ်ဆက် ဆက်နွယ်နေတဲ့ Globalization မှာ ကမ္ဘာသူ၊ ကမ္ဘာသား တယောက်အဖြစ် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ဖို့၊ ထူးချွန်ထက်မြတ်စေဖို့

Cultural Competence

မတူညီတဲ့ ဓလေ့၊​ လူနေမှုစနစ်တွေမှာ စာနာနားလည်တတ်ဖို့၊ ကျင်လည်တတ်ဖို့ နဲ့ အတူယှဥ်တွဲ လိုက်လျောညီထွေ နေထိုင်တတ်ဖို့

Interdisciplinary Mastery

ကွဲပြားတဲ့ ပညာရေးနယ်ပယ်တွေကြားက ဆက်နွယ်မှုတွေကို သိရှိပြီး ဘာသာရပ်တွေကို တစ်ခုချင်းစီအနေနဲ့မဟုတ်ဘဲ ပေါင်းစပ်ပြီး နားလည်တတ်ဖို့

Social Intelligence

လူမှုအသိုင်းအဝိုင်းအခြေအနေတွေကို နားလည်တတ်ဖို့၊ ပေါင်းသင်းဆက်ဆံမှုအတတ်ပညာရရှိဖို့ နဲ့ နိုင်ငံတကာမှ လူအများနှင့် ရင်ဘောင်တန်းနိုင်ဖို့၊ ဦးဆောင်နိုင်ဖို့

Self-actualisation

မိမိ၏ အားနည်းချက်၊ အားသာချက်များကို သိရှိပြီး မိမိ ကိုယ်တိုင်ရဲ့ အနာဂတ်ကို ကိုယ်တိုင်ပုံဖော်နိုင်ဖို့၊ ရည်မှန်းချက်များ ပြည့်ဝအောင် စွမ်းဆောင်နိုင်စေဖို့

Life-long learners

အတန်းပြီးသွားရုံနဲ့ ပညာသင်ယူမှုက အဆုံးသတ်မဟုတ်ဘဲ ရှေ့ဆက် ဘဝတလျှောက် 'အတွေ့အကြုံမှတဆင့်' ပညာသင်ယူတတ်ဖို့၊ အမြဲတမ်း တိုးတက်ဖို့

M
Mission

What We Do Every Day

စာမေးပွဲဖြေနိုင်ရုံ၊ အမှတ်ကောင်းရုံ ပညာသင်ကြားမှုမျိုးမဟုတ်ဘဲ ရှေ့ဆက် လက်တွေ့ဘဝမှာ ပညာသင်ယူမှုများပြုလုပ်နိုင်ပြီး လူ့အသိုင်းအဝိုင်းကို အကျိုးပြုမယ့် ပညာသင်သားများဖြစ်စေဖို့က InnoEd ရဲ့ အဓိက ရည်မှန်းချက်

V
Vision

The Future We’re Building

AI ခေတ်မှာ နည်းပညာကို အထိရောက်ဆုံးအသုံးချနိုင်ပြီးတော့ ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ ကျောင်းသူကျောင်းသားများဖြစ်စေဖို့၊ အချင်းချင်း ရိုင်းပင်းကူညီရင်း အပြန်အလှန်အကျိုးရှိတဲ့ လူမှုရပ်ဝန်းတခုဖြစ်စေဖို့

InnoEd is DIfferent

We’re not another tutoring centre. Here’s what sets us apart.

01
Personalised Learning Experience

ကျောင်းသူကျောင်းသားကိုယ်တိုင် ကြိုးစားရင် ကြိုးစားသည့်အတိုင်း တိုးတက်အောင်မြင်နိုင်မယ့် ပညာသင်ကြားမှုအတွေ့အကြုံ

02
Award-winning Education Design

အာဆီယံအဆင့် ၁၀၊ ထိုင်းနိုင်ငံ နံပါတ် ၁ ချူလာလောင်ကွန်းမှ ဆုရရှိခဲ့တဲ့ ပညာသင်ကြားမှုစနစ် နှင့် ပညာရေးဆန်းသစ်တီထွင်မှု

03
Proven Track Record

ကမ္ဘာ့အမှတ်အများဆုံးလို့ ဆိုနိုင်မယ့် GED 779/800 ရရှိစေခဲ့တဲ့ ကျောင်းသား၊ SAT 1480/1600 ရရှိစေခဲ့တဲ့ ကျောင်းသား၊ IELTS Band 8.5 ရရှိထားတဲ့ သင်ရိုး

04
Small Cohorts, Big Impact

သင်ကြားမှုမှာ ထိရောက်မှု အမြင့်ဆုံးရစေဖို့ အတန်းတိုင်းမှာ ကျောင်းသားအရေအတွက်ကို 20 max ကန့်သတ်ပြီး သင်ကြားပေးခြင်း

05
Complete Education Service

စာသင်ရုံသပ်သပ်မဟုတ်ဘဲ စာမေးပွဲဖြေနိုင်ဖို့ ကူညီပေးခြင်း၊ တက္ကသိုလ်လျှောက်ရာမှာ အကြံပေးခြင်း နဲ့ ဘဝအတတ်ပညာတွေကိုလည်း သင်ကြားပေးခြင်း

06
Healthy Community

အချင်းချင်းရိုင်းပင်းကူညီတဲ့ ကျောင်းသူကျောင်းသားများ၊ ဆရာများနဲ့ မိဘများပါဝင်တဲ့ ကျောင်းပတ်ဝန်းကျင်တခုဖန်တီးပေးခြင်း

Academic Team

The People Behind Your Success

Certified specialists who bring real examiner experience and a genuine passion for student outcomes.

W
Winston

Founder & Education Architect

နိုင်ငံတကာ ပညာရေးအတွေ့အကြုံ ၁၅+ နှစ် - Australia နိုင်ငံ ပညာရေးအတွေ့အကြုံ ၇ နှစ်၊ မြန်မာနိုင်ငံ ပညာရေးအတွေ့အကြုံ ၆ နှစ်၊ ထိုင်းနိုင်ငံ ပညာရေးအတွေ့အကြုံ ၂ နှစ် - ရှိပြီး Australia နိုင်ငံ QUT တက္ကသိုလ် မှ Master ဘွဲ့ရဆရာ

Master Degree Holder Design Champion Innovator Leadership Coach
D
Dr. Mary

Co-Founder & Academic Leadership

ပညာရေးအတွေ့အကြုံ ၁၅+ နှစ် ရှိပြီး Australia နိုင်ငံ ဆေးပညာအဖွဲ့အစည်းမှ အသိမှတ်ပြု လက်မှတ်ရ ဆရာဝန်၊ IGCSE, IELTS, GED အတန်းများမှ ထူးချွန်ထက်မြတ်သော UCLA နှင့် UC Berkeley ကဲ့သို့သော ထိပ်တန်းတက္ကသိုလ်များ တက်ရောက်နေသည့် တပည့်များမွေးထုတ်ထားသည့် ဆရာမ

Medical Doctor Student Empowerment Specialist IELTS Expert